wwww

တအ၃အ၆

သားအိမ်အပြင်ဘက် သန္ဓေတည်ခြင်းဆိုတာ ……


သားအိမ်ကိုယ်ထည်၏ အပြင်ဘက်၊ သားအိမ်အ၀၊ သားအိမ်ခေါင်းအတွင်း သားဥပြွန်၊ သားအိမ်၏ဘေးစွန်း၊ သားဥအိမ်စသည့် နေရာများမှာ သန္ဓေတည်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် သားဥပြွန်ထဲမှာ တည်သည့် သန္ဓေကထွက်ကျပြီး ခန္ဓာကိုယ်ရဲ့ဝမ်းဗိုက်အတွင်း တစ်နေရာရာမှာ သန္ဓေတည်ခြင်းလည်းဖြစ်နိုင်ပါတယ်
ခံစားရတဲ့ လက္ခဏာများ

ကတော့ ကိုယ်ဝန်ရှိသလို ရက်အနည်းငယ်မှ ရက်သတ္တပတ် အနည်းငယ်အထိ ရာသီ သွေးထိမ်းသွားပါတယ်။ ဗိုက်ထဲမှာ နာကျင်လာပါတယ်။ မိန်းမကိုယ်မှ သွေးဆင်းပါတယ်။ နည်းနည်းနဲ့ကြာကြာဆင်းတက်ပါတယ်။ သွေးက ညိုတိုတိုအရောင်ရှိပါတယ်။ မူးချင်၊ သတိလစ်ချင်သလိုဖြစ်ခြင်း၊ ၀မ်းသွားရ၊ ဆီးသွားရ ခက်ခြင်း၊ အိမ်ထောင်ဖက်နှင့် ဆက်ဆံတြ့အခါ အောင့်ခြင်း၊ နာကျင်ခြင်းတွေဖြစ်ပေါ်လာပါတယ်။ ချက်ချင်းကုသမှု မခံယူခဲ့လျှင် သွေးထွက်လွန်ခြင်း၊ သားအိမ်ပြွန်ကွဲသွားခြင်း၊ ဗိုက်ထဲမှာ သွေးသွန်ပြီး သွေ (၅)ပုလင်းခန့် ဆုံးရှုံးသွားရင် သွေးလန့် (Shock) ဖြစ်သွား နိုင်လို့၊ အချိန်မီမကုသနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

ယခင်က သားအိမ်ရောင်ဖူးတဲ့သူတွေ၊ သားကြောဖြတ်တဲ့သူတွေ၊ သားအိမ်တို့ သားဥပြွန်တို့မှာ ခွဲစိတ်ခြင်းခံရတဲ့သူတွေ၊ ဗိုက်အနှိပ်ခံဖူးတဲ့သူတွေ၊ သားဖျက်ချဖူးတဲ့သူတွေ၊ အိမ်ထောင်ကျပြီး သားသမီးမရဘဲ အကြာကြီးနေပြီးမှ စပြီး သန္ဓေတည်တဲ့သူတွေမှာ နဂိုကတည်းက သားအိမ်ပြွန်တွေရောင်ပြီး ကျဉ်းနေခြင်းကြောင့်သော်လည်းကောင်း၊ ပိတ်နေခြင်းကြောင့်သော်လည်းကောင်း၊ သုတ်ပိုးနဲ့ သားဥတွေ့ပြီး သန္ဓေတည်တဲ့အခါ သားအိမ်ထဲ ရောက်အောင်မသွားနိုင်ဘဲရပ်ပြီး၊ သားဥပြွန်ထဲမှာ သန္ဓေတည်ခြင်းဖြစ်ပါတယ်။ အသက် အရွယ်ကတော့ ထူးခြားမှုမရှိပါဘူး။
အကြမ်းဖျင်းအားဖြင့် ကိုယ်ဝန်သည်အားလုံးရဲ့ တစ်ရာခိုင်နှုန်းမှာ ဖြစ်တက်ပါတယ်။

အသက် (၁၅)နှစ်မှ (၄၉)နှစ်အတွင်းရှိ အမျိုးသမီးတိုင်း အထူးသဖြင့် အိမ်ထောင်သည်တိုင်း ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီး တိုင်း အထူးသဖြင့် အိမ်ထောင်သည်တိုင်း ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတိုင်း ရာသီထိမ်မယ်ဆိုရင် နံပါတ်(၁) အချက်က ကိုယ်ဝန်နဲ့ ပတ်သက်တယ်လို့ ယူဆပါတယ်။ ကိုယ်ဝန်ရှိမရှိ အလွယ်တကူစစ်ဆေးနိုင်တဲ့ ပစ္စည်းတွေနဲ့ စမ်းနိုင်ပါတယ်။ တစ်မိနစ်မှ ငါးမိနစ်အတွင်း ကိုယ်ဝန်ရှိမရှိ သိနိုင်ပါတယ်။
သာမန်သွေးထမ်ပြီးမှ သွေးဆင်းခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း လက္ခဏာများနဲ့လာရင် ကိုယ်ဝန် ဟုတ်မဟုတ်၊ အဲဒီကိုယ်ဝန်ဟာ သားအိမ်အတွင်းမှာ ရှိနေတယ်ဆိုတာ ဟုတ်မဟုတ် သေချာအောင်လုပ်ရပါမယ်။ ကိုယ်ဝန်ဟာ သားအိမ် အတွင်းရှိမရှိ အာထရာဆောင်းရိုက်ပြီးသိနိုင်ပါတယ်။ မိန်မကိုယ်အတွင်းမှာ ရိုက်ကြည့်ရသော (Vaginal Ultrasound) ရိုက်ရပါတယ်။

ဒါကြောင့် ဆီးထဲမှာ ကိုယ်ဝန်ရှိတယ်လို့ အဖြေပေးနေပြီး၊ သားအိမ်အတွင်းမှာ ကိုယ်ဝန်မတွေ့ရရင် သားအိမ်အပြင်ဘက် သန္ဓေတည်ခြင်းလို့ယူဆပြီး လိုအပ်ရင် ချက်ချင်းခွဲစိတ်ရပါတယ်။ လက္ခဏာအကြီး အကျယ်မပြရင်လည်း စောင့်ကြည့်သင့်ပါတယ်။ သွေးလန့်ခြင်း၊ Shock ဖြစ်နေရင် ကုသမှုပေးရပါမယ်။

အချို့အမျိုးသမီးတွေဟာ ကျန်းမာရေးအသိပညာ အလွန်နည်းကြပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတိုင်း ……
(၁) မိမိရဲ့ ရာသီသွေးလာမှုမှန်မမှန် သတိထားတက်ရပါမယ်။
(၂) ရာသီသွေးထိမ်သွားရင်တောင်မှ အဲဒါကိုယ်ဝန်ရှိလို့လားဆိုတာ သိအောင်လုပ် သင့်ပါတယ်။
ရာသီထိမ်တာကို ရောဂါဖြစ်တယ်ထင်ပြီး သွေးဆေးသောက်တာတွေ ဖြစ်တက်ပါတယ်။ ဒါကြောင့် အိမ်ထောင်သည် အမျိုးသမီး ရာသီသွေးထိမ်မယ်၊ မူးဝေအော့အန်မယ်၊ ဗိုက်ထဲမှာနာကျင်ခြင်း၊ အောင့်ခြင်းတွေဖြစ်မယ်။ ပြီးတော့ သွေးအနည်းငယ် ပြန်ဆင်းမယ်ဆိုင် ဆရာဝန်ဆီ ချက်ချင်းသွားသင့်ပါတယ်။ ရိုးရိုးသားပျက်တာလည်းဖြစ်နိုင်ပါတယ်။ သန္ဓေသပျစ်ခိုင်လည်း ဖြစ်နိုင်ပါတယ် သားအိမ်အပြင်ဘက် သန္ဓေတည်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကို ခွဲခြားသိနိုင်အောင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်လို့ တိုင်တွန်းပြောပါလိုက်ပါရစေ ။ မချိုချို ဖေ့မှ ကူပါသည်