ဒီတစ်ခါ…Memory Stick တွေမှာ ကြုံတတ်တဲ့ပြသာနာလေးတွေဖြေရှင်းတဲ့နည်းလေးရေးပေးလိုက်တယ်နော်
သိပြိးသားဆိုလဲ နည်းနည်းစိတ်ရှည်ရှည်ထားပီးတော့ဖတ်ပေးပေါ့နော်...ဟီးး :D တယ်ချင်းတို့ ကြုံဖူးကြမှာပါ…
Memory Stick ထိုးလိုက်တာနဲ့ …Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ ..စတာတွေပေါ့......
အဲဒီ virus တွေကို USB Disk Security မှာလာပြတယ်လေ…အဲဒါတွေကို
အရမ်းရမ်းကောင်းပါတယ်ဆိုတဲ့..Kasper ကတောင် မဖျက်နိုင်ဘူး… Avira ကတော့
မဆိုးပါဘူး တစ်ချို့ဟာတွေကို နိုင်တယ် ......... ကဲပါလေ အဲ့ဒါတွေ
ထားပါ.....
USB Disk Security မှာ Delete လုပ်လဲ တစ်ချို့  ဟာတွေကို delete လုပ်လို
့မရပါဘူး……အဲဒီတော့ ဘာ software မှ သုံးစရာမလိုတဲ့ ဒီအောက်မှာ ပြပေးထားတဲ့
နည်းလေး သုံးကြည့်လိုက်....
ရှိသမျှ virus တွေ အကုန်သေသွားစေရမယ်..
virus ရှင်းတဲ့နည်းက တစ်ခြားထွေထွေထူးထူး ဘာမှ မဟုတ်ပါဘူး…. Bat file နဲ့  command တွေရေးပြီးရှင်းတဲ့နည်းလေးပါ…..
ပထမဦး ဆုံး Notepad တစ်ခုကိုဖွင့်ပါ…ပြီးရင် အောက်မှာ ရေးပေးထားတဲ့ command တွေကို copy ကူးထည့်လိုက်ပါ…
( @echo del: E:Autorun.inf del: F:Autorun.inf del: G:Autorun.inf del:
H:Autorun.inf del: E:Recycled.exe del: F:Recycled.exe del:
G:Recycled.exe del: H:Recycled.exe del: E:RUNDLL32.exe del:
F:RUNDLL32.exe del: G:RUNDLL32.exe del: H:RUNDLL32.exe @echo )
ပြီးရင်တော့.. နာမည်တစ်ခုခု.bat (eg. Killvirus.bat) ဆိုပြီး ကိုယ့်ရဲ့ Memory Stick ထဲမှာ Save လိုက်ပါ…
အဲဒီ Killvirus.bat ဆိုတဲ့ file လေးကိုတော့ မဖျက်ပစ်လိုက်နဲ့နော်…Stick
ထိုးတိုင်း အဲဒီ file လေးကို double click လုပ်ပြီး run လိုက်ပေါ့…
ဒါဆိုရင် ကိုယ့်ရဲ့ Memory Stick ထဲက virus တွေအကုန်ရှင်းသွားလိမ့်မယ်……
RECYCLER Virus သတ်နည်း
tools >>Folder Options >> View ကိုသွားပါ..
-- (I) display the contets of system folders
-- (II) hide extensions for known file types
-- (III) hide protected operating system files(Recomended)
လေးတွေကို အမှန်ခြစ်ဖျက်ပေးရပါမယ်.....
သတ်တဲ့အချိန်မှာ " can not delete RECYCLER:access is denied." ဆိုပြီး
error message ပေါ်လာတဲ့အခါမှာ OK ပေးလိုက်ပြီး unlocker ပေါ်လာတတ်ပါတယ် .
အဲ့လိုပေါ်လာတဲ့အခါ "noaction","delete","rename","move" ထဲက Delete
ကိုပေးလိုက်ပြီး ဖျက်ပစ်ပါ .. RECYCLER virus ပျက်သွားပါလိမ့်မယ် ..
unlocker software လေးက
http://www.mediafire.com/?zmdwm0mkqqt
Chrome Virus ကို Manual သတ်ကြည့်ရအောင်
Chrome ဆိုရင် Google ကနေထုတ်တဲ့ Internet Web Browser လို့ သိကြပါတယ်။ အချိန်တိုအတွင်း အောင်မြင်မှုရခဲ့တဲ့ Browser တစ်ခုလည်း ဖြစ်ပါတယ်။ သို့သော် Chrome ရဲ့ အမည်နဲ့ ကျော်ကြားမှုကို အသုံးချပြီး Virus တွေ Trojan တွေလဲ ပြန့်ပွားခဲ့သလို အဲဒီ Virus တွေ လည်း ဆိုးကျိုးပေးမှုနဲ့ နာမည်ကျော်ခဲ့ပါတယ်။ Private Cam ဆိုတဲ့ အမည်ဖြစ်စေ၊ Chrome.exe ဆိုတဲ့အမည်ကို ဖြစ်စေ မကြားဖူးသေးတဲ့လူ မရှိသလောက်ပါပဲ။ Funny Virus နဲ့ ဆင်တူဖြစ်ပေမယ့် Chrome Virus ကတော့ Social IM တွေကိုပါ အသုံးချတဲ့အတွက် USB Stick တွေ camera တွေ MP3, MP4 တွေလောက်ကနေပဲကူးတဲ့ Funny Virus ထက် ပိုမိုကူးစက်နှုန်းမြန်ပါတယ်။ Chrome Virus တက်ပြီဆိုရင် Chrome Virus က ပုံမှန် Virus တွေလိုပဲ ကူးစက် လွယ် ပြန့်ပွားရုံတင် မကပါဘူး။ Google Talk, Yahoo Messenger, MSN တွေကနေလဲ Virus နေရာရဲ့ Link တွေကို ပေးခြင်းဖြင့် မသိတဲ့လူတွေ Link ကိုနှိပ်မိရုံဖြင့် Virus ကို ကူးစက်စေပါတယ်။ ကိုယ့်စက်မှာ Virus ရှိနေရင်လဲ ရှိနေတဲ့ Yahoo Messenger, Gtalk နဲ့ MSN ကနေ ဒီလို Message တွေပို့ပါတယ်။ Gtalk ပိတ်ထားရင်တောင် Message Box ပွင့်ပွင့်လာပါတယ်။ Remember Login လုပ်ထားရင် Auto ၀င်ပြီး Message တွေ ပို့နိုင်ပါတယ်။ I am 23 Female Delhi(India) Your asl please? Waiting for you, view my private cam via secured connection http://h1.ripway.com/db8/privateCam_v0.1.exe How are you dear? what are you doing? View my private cam via secured connection http://h1.ripway.com/db8/privateCam_v0.1.exe View my webcam (private secured connection using privateCam) http://h1.ripway.com/db1/privateCam_v0.1.exe 22 F India and you? ဒါက အရင်တုန်းကပါ။ အချို့ Version တွေမှာတော့ ဒီလိုပို့ပါတယ်။ yes who is there? Hey Please help me to test my new cam, (use “poo213” as passcode) http://hamtumdb2. info/privateCam_v3.5.exe ဒါမှမဟုတ် Hey Please help me to test my new cam application http://h1.ripway.com/db0/privateCam. exe အဲဒီ Link တွေကို Click မိတာနဲ့ Virus ကူးစက် နိုင်ပါတယ်။ Message တွေကတော့ မတူပါဘူး။ တချို့က Link ပါ ပို့တယ်။ အချို့ကိုတော့ မိတ်ဆက်တယ် india ကပါ ဆိုပြီး။ Task Manager, Folder Option, Registry Editor တွေ ဖွင့်လို့ မရတော့ပါဘူး။ Drive တွေဖွင့်လို့ရမှာ မဟုတ်ပါဘူး။ (အချို့ Version များတွင် ဖွင့်နိုင်သည်။) Virus တို့ရဲ့ထုံးစံအတိုင်း စစတွေ့ခြင်းမှာ ဘယ် Anti-Virus မှ မနိုင်ပါဘူး။ နောက်ပိုင်း Kaspersky နဲ့ NOD32 ရဲ့ Removal တွေသုံးရင် ဖျက်ပစ်နိုင်လာပါတယ်။ သို့သော် Virus ကိုက်ပြီးမှ Anti-Virus တင်ဖို့ဆိုတာ ခက်ခဲပါ တယ်။ ဒီတော့ ကျွန်တော်တို့ Anti Virus မတင်ရသေးတဲ့ စက်တွေမှာ Chrome Virus တက်ရင်ပဲဖြစ်ဖြစ် Chrome ကို မနိုင်တဲ့ Anti-Virus တင်ထားရင်ပဲဖြစ်ဖြစ် ကိုယ်တိုင် Manual သတ်နိုင်အောင် လက်တွေ့ပုံစံ ရေးပေးလိုက် ပါတယ်။ Chrome Virus သတ်မယ်ဆိုရင် ပထမဆုံး Gtalk နဲ့ Yahoo Messenger, MSN တွေကို အကုန်ပိတ်ပစ်လိုက်ပါ။ ပြီးရင် Hidden ဖြစ်နေတဲ့ဖိုင်တွေအတွက် RRT (Remove Restrictions Tool) သုံးပြီး Folder Option တွေ ပြန်ဖော်ပါမယ်။ RRT ကို မေတ္တာလက်ဆောင် Application CD ထဲမှာ ထည့်ပေးထားပါတယ်။ RRT ကို Run လိုက်ရင် လောလောဆယ် ပြောင်းလဲနိုင်တဲ့ option တွေကို ရွေး ချယ်နိုင်မှာ ဖြစ်ပါတယ်။ Folder Hidden Option, Regestry Editor နဲ့ Task Manager ကို ရွေးချယ်ရပါမယ်။
ပြီးရင် Hidden Folder တွေကို ဖော်ပေးလိုက်ပါ။ Explorer > Tools > Folder Option> View Tab > မှာ Show Hidden File and Folder ကို ရွေးပေးပြီး Hide Protected Operation System file (Recommand) ကို ခဏ အမှန်ချစ်လေး ဖြုတ်ထားလိုက်ပါ။
Chrome Virus ဖိုင်တွေကို ဖျက်ပစ်ပါမယ်။ Virus အဓိကရှိတဲ့ နေရာတွေကတော့ %SystemDrive% နဲ့ %Windir% မှာပါ။ %SystemDrive% ဆိုတာကတော့ C: မှာ Windows တင်ထားရင် C: ကိုဆိုလိုတာဖြစ်ပြီး D: မှာတင်ထားရင် D: Drive ကို ဆိုလိုတာပါ။ %Windir% ကတော့ Windows တင်ထားတဲ့နေရာကိုညွန်းတာပါ။ ပုံမှန်ဆိုရင်တော့ C:\Windows\ ကိုဆိုလိုပါတယ်။
သို့သော် တင်ထားတဲ့ နေရာပေါ်မူတည်ပြီး D:\Windows ဖြစ်နေ နိုင်သလို ၂ခုသုံးခုခွဲတင်ထားရင် C:\Windows.0 နဲ့ C:\Windows.2 စသဖြင့် ရှိနေနိုင်ပါတယ်။ အဲဒီ Virus တွေကို ဖျက်တဲ့အခါမှာ Access Denied ပေါ်ပြီး ဖျက်မရ ဖြစ်တတ်ပါတယ်။ အဲဒီအတွက် Unlocker နဲ့ unlock လုပ်ပြီးမှ Delete လုပ်ရပါမယ်။ ပြီးရင် system32 ဆိုတဲ့ Folder အောက်က Autorun.ini ဖိုင်ကိုလည်း ရှာပြီး ဖျက်ပစ်ရပါမယ်။ ပြီးရင် အခြား Drive တွေထဲက Virus တွေကိုလည်း ဖျက်ပစ်ရပါမယ်။ C: D: E: နဲ့ MP3, MP4, Memory Stick တွေထဲမှာရှိတဲ့ Virus တွေပေါ့။ Chrome.exe, New Folder.exe, autorun.inf ဆိုပြီး သုံးဖိုင်လောက် ရှိတတ် ပါတယ်။ ဒီအဆင့်အတွက် ရေးထားတဲ့ BAT ဖိုင်ရှိပါတယ်။ အကုန်လုံးကို တစ်ခါတည်း ဖျက်ပစ်နိုင်ပါတယ်။ ဒီထဲမှာ G: အထိပဲ ပြထားပါတယ်။ ကိုယ့်မှာ ရှိတဲ့ Drive Letter တွေ ထည့်ပေးနိုင်ပါတယ်။ ဒါကို notepad မှာရိုက်ပြီး run.bat နဲ့ သိမ်းပေးပါ။ copy kb.bat C:\ copy kb.bat D:\ copy kb.bat E:\ copy kb.bat F:\ copy kb.bat G:\ start C:\kb.bat start D:\kb.bat start E:\kb.bat start F:\kb.bat start G:\kb.bat
![]()
cls pause del /q C:\kb.bat del /q D:\kb.bat del /q E:\kb.bat del /q F:\kb.bat del /q G:\kb.bat cls exit နောက်ထပ် kb.bat တစ်ဖိုင် ထပ်ရေးရပါမယ်။ @echo off attrib -h -s -a autorun.inf attrib -h -s -a chrome.exe attrib -h -s -a autorun.ini del /s /f /q autorun.inf del /s /f /q chrome.exe del /s /f /q autorun.ini cls cd C:\windows\system32 attrib -h -s -a chrome.exe attrib -h -s -a autorun.ini attrib -h -a -a setting.ini cls exit kb.bat နဲ့ run.bat ကို တစ်နေရာမှာ ထားပြီး run.bat ကို Double Click လိုက်ရုံပါပဲ။ နောက် Folder အနေနဲ့ကတော့ System Volume Information နဲ့ RECYCLER နှစ်ခု ရှိပါတယ်။ အဲတာတွေ ဖျက်ပေးရပါမယ်။ Startup မှာ ဖျက်ရပါမယ်။ Windows + R နဲ့ Run Box ကိုခေါ်ပြီး msconfig လို့ရိုက်ပါ။ အဲဒီအထဲမှာ Chrome ကိုရှာပြီး ဖြုတ်ပစ်ပါ။ ပြီးရင် Restart ချခိုင်းပါလိမ့်မယ်။ Restart မချပါနဲ့ဦး Registry ကိုပြင်ပြီးမှ Restart ချပါ။ Registry မှာ ၀င်ပြင်မယ်ဆိုရင် Windows + R ကနေပေါ်လာတဲ့ Run Box မှာ regedit လို့ ရိုက်ပါ။ Registry မှာ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\ Windows NT\CurrentVersion\Winlogon ကို ရှာပြီး နောက်က explorer.exe chome.exe မှာ Double Click ပြီး chrome.exe ကို ဖျက်ပစ်လိုက်ပါ။ ပြီးရင် Windows Restart ချပြီး Virus ရှိမရှိ ပြန် လည် စစ်ဆေးပါ။ ဒါဆိုရင် Chrome Virus ကို ကိုယ်တိုင် Manual သတ်နိုင်ပါပြီ။
facebook virus သတ်နည်း
ဒီလင့်လေးမှာဒေါင်းပြီးကြည့်လိုက်ပါ တအားရှည်နေမှာစိုးလို့ ချုံ့လိုက်တာပါ
http://www.mediafire.com/?x6z0ltr8fb8b0we
Code:
taskkill /F /IM chrome.exe
taskkill /F /IM privateCam_v0.1.exe
attrib -S -H -R C:\windows\system32\chrome.exe
del C:\windows\system32\chrome.exe
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\Explorer /v NofolderOptions /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v "Yahoo Messengger" /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v "Yahoo! pager" /f
gpupdate
အထက်က code တွေကို copy ကူးပြီး notepad ထဲထည့်ပြီး ၊ .bat format နဲ့ save လိုက် ။ bat ဖိုင်လေးဖြစ်သွားလိမ့်မယ် ။ ဒီလောက်တော့ လုပ်တတ်မယ်ထင်တယ်နော် ။
ပြီးရင် run လိုက် အဲဒီ bat file ကို ။ ပြီးရင် စက်ကို restart ချပေးလိုက် ။
ပြန်တက်လာတဲ့အခါ privatecam.exe ကို search box မှာရှာပြီး ဖျက်လိုက် ။ virus အများစုက hidden file အနေနဲ့ လာတတ်တာဆိုတော့ folder options ထဲမှာ show hidden file မှာ အမှန်ခြစ်လေးပေးလိုက် ။ hidden file တွေ ပေါ်လာလိမ့်မယ် ( နင့်အတွက်ပြောတာဟုတ်ဖူး ... မသိသေးသူတွေအတွက် ..) ။
win + F ကိုနှိပ်ပြီး search ကိုဖွင့် လိုက်ပါ ။ all files and folder ကို ကလစ်နှိပ်ပါ ။ all or part of the file name မှာ privatecam_vo.1 ကိုရှာပြီး ဖျက်လိုက် ။ မတွေ့ တော့ဘူးဆိုရင်တော့ ok ပြီလို့  ဆိုလို့ရပါပြီ ။
csrcs.exe or csrsc.exe virus
csrcs.exe or csrsc.exe virus အကြောင်းလေးပြောပြပါမယ်။ ကွန်ပျူတာ စဖွင့်တာနဲ့ CSRSC.exe error messageဆိုပြီ Screen ပေါ်တက်တက်လာပါတယ်။ Virus စစ်တော့လည် မတွေ့ဘူး။ ဒါနဲ့ Task Manager မှာ ၀င်ကြည့်လိုက်မိတာ
အဲဒီ Process ကို သွားတွေ့ပါတယ်။
ဒါနဲ့ End Process လုပ်လိုက်ပါတယ်။ သူက ကွန်ပျူတာ ဖွင့်ဖွင့်ချင်မှာဘဲ Error ပြတာဆိုတော့
msconfig မှာ ၀င်စစ်လိုက်ရင် ကောင်းမယ်လို့ ဘာ process တွေရှိနေလဲလို့ ၀င်ကြည့်လိုက်ပါတယ်။
csrcs.exe ကိုတွေ့ရတယ် ဒါနဲ့ Remove လုပ်လိုက်တယ်။ ကွန်ပျူတာကို Restart ချလိုက်တယ်။ ပထမအဆင့်ပြီတာနဲ့
မိမိ System ကို Clean ဖို့ အတွက် Registry ကို ၀င်ရှင်းဖို့ အတွက် အောက်ပါအတိုင်း
HKEY_LOCAL_MACHNIE >> SOFTWARE >> Microsoft >> WindowsNT >> CurrtenVersion >> Winlogon >> Shell
ကျွန်တော် သွားလိုက်ပါတယ်။
ပြီ:ရင် Shell ကို Right click ထောက်ပြီ value ကို click လိုက်ရင် explorer.exe csrcs.exe ဆိုတာ တွေ့ရပါတယ်။
ဒါနဲ့ ကျွန်တော် csrcs.exe ကို ကျွန်တော် Delete ပေးလိုက် ပါတယ်။ ( explorer.exe ကို Delete မပေးရပါ) ပြီရင် Computer ကို Restart ချလိုက်ပါတယ်။ တက်မလာတော့ပါဘူး။
Virus ကို ပြောတာနော်။ အခုလိုမျိုး ပြဿနာ မကြီးပေးမဲ့ ကွန်ပျူတာ ဖွင့်တိုင်း အခုလို စိတ်အနှောက်အယှက်ဖြစ်စေတဲ့
virus မျိုး ကြုံခဲ့ရင် ဖြေရှင်းလို့ ရအောင် တင်ပြပေးလိုက်တာဖြစ်ပါတယ်။
ပိုစ့်ကတော်တော်ရှည်နေပြီမို့လို့ ဒီမှာပဲနားလိုက်ပါမယ်
ကျန်တာတွေကိုတော့နောက်ဆက်တင်ပေးလိုက်ပါ့မယ်
http://www.arakancyberforce.blogspot.sgဆိုက်မှဖော်ပြသည်
ေ