wwww

တအ၃အ၆

ဘာဆော့ဝဲလ်မှ မလိုပဲ USB Stick နဲ့  windows installation လုပ်မယ်ဗျာ

ဘာဆော့ဝဲလ်မှ မလိုပဲ USB Stick နဲ့  windows installation လုပ်မယ်ဗျာ
ကဲစလိုက်ရအောင် ပထမဆုံးမိတ်ဆွေရဲ့  Memory Stick တွင် မည်သည့်ဒေတာမှထည့်မထားပါနဲ့  USB boot Device လုပ်ဖို့ အတွက် USB Stick ကို Format ချမှာဖြစ်လို့ ပါ..
မိတ်ဆွေရဲ့  USB Stick က အနည်းဆုံး 4GB ရှိရပါမယ်..ကဲ အခုပြောတဲ့အချက်အလက်တွေရှိပြီးအဆင်သင့်ပဲဆိုရင်တော့ကဲ စမယ်နော်..
ပထမဆုံး cmd ကိုသွားပါ ဘယ်လိုဖွင့်ရမလဲသိတယ်မဟုတ်လား (Start menu > All programs > Accessories, right click on Command Prompt and select Run as administrator)
ကဲအခုဆိုရင် cmd ထဲရောက်နေပြီးလို့  ယူဆလိုက်ပီး ဒါဆိုရင် -
diskpart လို့ ရိုက်လိုက်ပါ ပြီးရင် DISKPART> ဆိုပီးပေါ်လာမယ်
အခုထိcmd ထဲမှာပဲနော် မထွက်ရသေးဘူးနော်..
ကဲ အခုနောက်တစ်ခါ list disk လို့ ထပ်ရိုက်ပါ အဲဒီမှာမိမိကွန်ပျူတာမှချိတ်ဆက်ထားတဲ့ Disk တွေကိုဖော်ပြလိမ့်မယ်
Disk 0 , Disk 1 ,Disk2 အစရှိသဖြင့်ပေါ့ မိမိကွန်ပျူတာမှ Hard Disk တခုပဲရှိတယ်လို့  ကျွန်တော်လောလောဆယ်ဆယ် ယူဆလိုက်မယ်နော် ဒါဆို
့ Disk 0 က Hard Disk ကိုဖော်ပြတာဖြစ်ပါတယ်
Disk 1 ကတော့ USB Stick ကိုပြောတာပါ ( မသေမချာဖြစ်မှာစိုးလျှင်တော့ size ကိုကြည့်နိုင်ပါတယ် Disk 1 ဆိုတဲ့ နေရာမှာ အနည်းဆုံး size တစ်ခုကိုတွေ့ ရမယ် 3.86 GB လောက်ပေါ့)
ကဲ ဒါဆို Disk 1 ပေါ့ အိုကေ
ပြန်ဆက်မယ်
select disk 1 လို့ ရိုက်လိုက်ပါ ဒါဆို
Disk 1 is now the selected disk. ဆိုပြီးပေါ်လာလိမ့်မယ် ဒါဆိုရင် အခုကျွန်တော်အောက်မှာရေးပေးမယ့်Command တွေကိုတခုချင်းရေးပါ တခုရေးပြီးတိုင် enter ခေါက်ပါ (ဥပမာ clean လို့ ရိုက်ပီး enter တခါခေါက်..create partition primary လို့ ရေးပြီး Enter တခါခေါက် နားလည်တယ်နော် ကဲအောက်ကဟာတွေတခုချင်းရေး Enter ခေါက်)
clean

create partition primary

select partition 1

active

format fs=ntfs

assign

exit
ကဲနောက်ဆုံး exit ဆိုတာကို ရိုက်enter ခေါက်ပြီးပြီလို့ ယူဆလိုက်ပြီနော် ဒါဆို DISKPART ထဲကနေ နဂိုမူလ cmd ကြီးထဲကိုပြန်ရောက်သွားပါပြီး
-----------------
cmd ကြီးကိုမပိတ်နဲ့ အုံးနော် windows 7 or windows 8 CD /DVD ကြီးကို computer DVD Drive ထဲထည့်လိုက်ပါ
ကဲပြီးရင် My Computer ကိုဖွင့် အဲဒီ DVD Drive နေရာမှာပေါ်နေတဲ့ Drive Letter ကိုမှတ်ထား ကျွန်တော့်ဆီမှာတော့ (J) လို့ ပေါ်နေလို့ ဒီနေရာမှာ (J) လို့ သုံးမယ်နော်
(အများစုကတော့ E,H,G,F ဆိုပြီးပေါ်တာများပါတယ်)..တလက်စတည်းခုနက ထိုးထားတဲ့ USB Stick ရဲ့  Drive Letter Nameကိုပါမှတ်လိုက်နော် ကျွန်တော့်ဆီမှာတော့ H လို့ ပေါ်တယ်
ကဲမှတ်ပြီးပြီးနော်ဒါဆို ဒါလေးရိုက်လိုက် အပေါ်ကလိုပဲ တခုချင်းရိုက် Enter ခေါက် အိုကေ
ဒီအောက်ပါ ကွန်မက်မှာ J: ဆိုတာက ကျွန်တော့် ကွန်ပျူတာက DVD Drive letter name ပါ (မိတ်ဆွေကွန်ပျူတာက DVD Drive Nameကို အစားထိုးရေးရမှာဖြစ်ပါတယ်)
h:ဆိုတာက တော့ ကျွန်တော့်ကွန်ပျူတာ USB Stick ရဲ့  Drive Letter Name ပါပဲ (မိတ်ဆွေကွန်ပျူတာက USB Stick Drive letter Name ကိုအစားထိုးရေးရမှာဖြစ်ပါတယ်)
ကဲဒါဆိုနားလည်ပြီနော် အောက်ကcommand လေးတွေတခုချင်းရိုက် Enter လေးခေါက် ပြီး နောက်ဆုံး exit ကိုနှိပ်လိုက်ရင် cmd ထဲကနေထွက်သွားပါပြီး...
J:
cd boot
bootsect.exe /nt60 h:
exit
-----------------------
ကဲဒါဆို မိတ်ဆွေရဲ့  USB Device ကတော့ bootable ဖြစ်ပါပြီး ဒါပေမယ့် windows installation အတွက်လိုအပ်တဲ့ဖိုင်တွေရှိသေးတယ်
အဲဒီအတွက် မိတ်ဆွေရဲ့  My Computer ကိုဖွင့်ပြီး DVD Drive (Windows 7/8 Dvd/CD အခွေထည့်ထားနော်) ကို right click နှိပ် open in new window ကိုနှိပ်ပြီးဖွင့်ပါ အထဲက ဟာတွေအကုန် Copy လုပ်ပါ
ပြီးရင် copy လုပ်ထားတာတွေကို ခုနက ထိုးထားတဲ့ USB Drive ထဲက USB Stick ထဲကို ကူးထည့်လိုက်ပါခင်ဗျာ copying process ကြီးပြီးရင်တော့ အောင်မြင်သွားပါပြီး မိတ်ဆွေ Windows ကို DVD Drive မရှိတဲ့ကွန်ပျူတာ Notebook
တွေ CD/DVD ရှိပေမယ့် အခွေပျက်နေတဲ့အချိန် ပျောက်နေတဲ့အခါ ဒီ Bootable USB လေးကနေတဆင့် windows သွင်းနိုင်ပါပြီးခင်ဗျာ..
windows သွင်းတဲ့အခါ BIOS setting မှာ ပုံမှန် DVD/CD ကနေ boot တက်ပြီးသွင်းနေတဲ့နေရာမှာ USB or Removeable Device လို့ ပြောင်းပေးရုံပါပဲ (*မှတ်ချက် တချို့  BIOS Settingမှာ USB HDD or DVD ဆိုတာပါပါတယ်အဲဒါကတော့ External Hardisk or External DVD Writer ကို ဆိုလိုခြင်းဖြစ်ပါတယ် အဲဒါကိုတော့မရွေးချယ်ပါနဲ့ ခင်ဗျာ တခါတလေ USB stick နဲ့  USB HDDor DVD မှားပြီး Boot order ပေးတတ်ကြလို့ ပါပဲ)
အဆင်ပြေပါစေ
Cloudy@(U CLoud Bank)
Admin of Myanmar IT Grouphttp://www.arakancyberforce.blogspot.sgဆိုက်မှ