wwww

တအ၃အ၆

မိဘတွေကို ဆက်ဆံတဲ့အခါ


- သူတို့ကို သွားနိုင်ရက်နဲ့ အဝေးကနေပဲ ဖုန်းဆက်ပြီးပဲ စကားပြောနေမိသလား အလုပ် ဆိုတဲ့အရာကို ခဏထားပြီး မျက်နှာချင်းဆိုင်သွားတွေ့လိုက်ပါ သင့်စကားသံတွေထက် သင့်မျက်နှာလေးကို မြင်ချင်နေခဲ့ရှာတာ မိဘတွေပါ ။

- သူတို့ကို ဘ၀တလျောက်လုံး ကိုယ်အလိုမကျတာတွေအတွက် ရင့်သီးစွာ ဆက်ဆံမိသလား ။ ဦးခိုက်လို့ မှားယွင်းသွားကြောင်းတောင်းပန်လိုက်ပါ ။ သင်မတောင်းပန်လည်း အမြဲ ခွင့်လွှတ်ပေးနေတာ မိဘတွေပါ ။

- သူတို့ကို ကိုယ့်ဘ၀ တစ်အိုးတစ်အိမ်ထူထောင်ဖို့အတွက် စွန့်ခွာ ပြီး ထွက်လာမိသလား ။ သင့်ကို လှမ်းမဆွဲရက်ပေမယ့် ရင်နင့်စွာ မျက်ရည်စက်လက်ကျန်နေခဲ့ရရှာတာ မိဘတွေပါ ။

- သူတို့ကို သင့်အသိုင်းအ၀ိုင်းကြားမှာ မိဘတွေရယ်လို့ ဖော်ပြရမှာ ရှက်လို့ သင်မ၀ံမရဲဖြစ်နေသလား ။ သင့်ကို လူ့လောကထဲ ငါ့သားငါ့သမီးရယ်လို့ ရဲဝံ့စွာ ဖော်ထုတ်ပြခဲ့တာ မိဘတွေပါ ။

- သူတို့ကို တွေ့ဆုံချိန်တိုင်းပြုံးပြဖို့ သင်မေ့လျော့နေမိသလား ။ သင့်ကို အမြဲပြုံးပြပြီး မေတ္တာတွေ ပေးနေခဲ့တာ အိပ်ရာဝင်ချိန်တိုင်းငါ့သားငါ့သမီးလေး ကျန်းမာချမ်းသာပါစေ လို့ အမြဲဆုတောင်းပေးနေတတ်တာ မိဘတွေပါ ။

သက်တန့်ချို