wwww

တအ၃အ၆

ဟက်ကာ

 ဒီစာအုပ်လေးကတော့ ဟက္ကာ...ဟက္ကာဆိုပြီး အော်အော်နေကြတဲ့ ခုခေတ်လူငယ်တွေအတွက် အထူးလေ့ လာ နိုင်တဲ့စာအုပ်လေးဖြစ်ပါတယ်. မြန်မာပြန်ဆိုသူ ခေတ်၁၀၀ မှ ပြုစုထားတာဖြစ်ပါ တယ်.ဖြူ ဖြူစင်စင် စစ် မှန်ပြီး ကျွှမ်းကျင်တဲ့ဟက္ကာတယောက်ဖြစ် ဖို့ အသေးစိတ်ရေး သားထားတာဖြစ်ပါ တယ်.ဟက္ကာဆိုတာ နဲ့ ကြောက် မနေကြပါနဲ့  မိမိတို့ ရဲ အကောင့်တွေ၊ ဆိုဒ်တွေကို ဟက်တယ်ဆိုတာ ရိုးရိုးတွေးပြီးရိုင်းရိုင်းပြော ရရင် သောက် ကျင့်မကောင်းတဲ့ လူယုတ် မာတွေ ရဲ့ သားသမီးများ ဘဲဖြစ်ပါတယ်. အသိစိတ်လေးထားပြီး ပညာကို ပညာလို့ ဘဲ လေ့လာရင် ကျနော်တို့ မြန်မာလူမျိုးတွေ အခုလို ခေတ်ကျကျန်နေမှာမဟုတ်ပါဘူး. တပါးသူပြည့်စုံတာကိုမနာလိုတဲ့ စိတ်ဓါတ်ညံ့ဖျင်းတဲ့အကျင့် ကို လူတိုင်းကိုယ်စီ ပြုပြင်ကြမယ်ဆိုရင် ကျနော်တို့ နိုင်ငံလဲ ဘာမတိုးတက်စရာရှိမလဲ.ဒီလိုပြောလို့ ကျနော့်ကို ရိုင်းတယ်မထင်ပါနဲ့  အခုဝင်ရောက်လေ့လာနေတဲ့ မိတ်ဆွေများလဲဒီလို စိတ်ဓါတ်အကြောင်းအရာတွေကို သိကြမှာပါ။ အခုလဲဒီစာ အုပ်လေး ကို လေ့လာစေ ချင်တဲ့ရည်ရွယ်ချက်ကတော့  ဟက္ကာဆိုတာ အီလက်ထရောနစ် ကွန်ပျူတာနည်းပညာ လောကမှာ ဆရာတစ်ဆူပါ. အရမ်းလေးစားထိုက်တဲ့ ဆရာသမားတွေပါဘဲ. ဒါကလဲ ဒီစာအုပ်လေးထဲမှာရေးထားသလိုပေါ့ white hat နှင့် black hat အကြောင်းကို စာရိတ္တကောင်းကောင်းနဲ့  သိမြင်နိုင်မှ လေးစားထိုက်တဲ့ ဆရာသမားများဖြစ်မှာပါ. ကျနော်ဒီစာကိုအခုကြုံလို့  အကြံပြုရေးသားခြင်းဖြစ်ပါတယ်. ကျနော်တို့ မြန်မာလူငယ်တွေဘာလို့ မတိုးတက်သလဲ...ပျင်းလို့ လား ဖျင်းလို့ လား .မပြည့်စုံတဲ့ ညီငယ်ညီမငယ်တွေကိုမဆိုလိုပါဘူး.တစ်နေ့ တစ်နေ့ အွန်လိုင်းမှာ ဖွန်လိုင်းကြောင်နေတဲ့ နှမျှောစရာကောင်းတဲ့ ကြောင်တောင်တောင်လူငယ်တွေကိုပြောတာပါ. ဟိုအကောင့် ဟက်မယ် ၊ ဒီအကောင့်ဟက်မယ် သူတပါးပျက်စီးမှု့ ကိုလိုလားပြီး၊ ကိုယ့်အတွက်ဘာများအကျိုးရှိစေမှာမို့ လို့ လဲမသိပါဘူး. အဲလိုတွေလုပ်နေမယ့်အစား ကိုယ့်အတွက် အကျိုးရှိစေမယ့် နည်းပညာလေးတွေကို လေ့လာကြဖို့ အမုန်းခံပြီး ဒီစာအုပ်လေးနဲ့ အတူ ရင်ဖွင့်လိုက်ပါတယ်။
လေ့လာလိုသူများအောက်မှာ download ယူနိုင်ပါတယ်...
DOWNLOAD:
ကျေးဇူးတင်ပါတယ်...http://nayminkhit.blogspot.com/2012ဆိုက်မှ