wwww

တအ၃အ၆

ဘာရယ်မဟုတ် ကဗျာတစ်ပုဒ်


မခေါက်ပဲ
သိမ်းထားသည့်တိုင်
ခေါက်ရိုးမကျိုးခဲ့ဘူး။

ဘဝဆိုတာ
လှပ်ကြည့်မှ မြင်ရတာမျိုးမဟုတ်သလို
လှည့်ကြည့်တိုင်းလည်း ခြေသံတွေ မကြားတချက် ကြားတချက်။


မဝေးအောင်နေရင်းက
နေပျောက် ထိုးလိုထိုး
နီးအောင်နေဖို့ကြိုးစားရင်းလည်း
ကမ်းစပ်မှာ
စေါင်းခတ်သံ ကြားလိုကြား။

ကျနော်
သန်းဝေမိပါပြီ
လ, ထွက်တော့မယ် ညနေရေ
တခါတည်းသာ ဖြုတ်ချလိုက်ပါတော့။