wwww

တအ၃အ၆

အရေပြားလှပဖို့ အိမ်တွင်းကုထုံးများ


မိုးရာသီကိုရောက်လာပြီဆိုရင် နွေရာသီလောက် နေရောင်ဒဏ်ခံရမှု မရှိတော့ပါဘူး။ ဒါပေမယ့် မိုးရာသီ မှာလည်း စိုထိုင်းဆများတဲ့အတွက် အရေပြားမှာ မှိုပိုးတွေစွဲကပ်နိုင်ပါ တယ်။ မိုးရာသီမှာ အရေပြားလှပဖို့ အတွက် အိမ်တွင်းမှာပဲလုပ်နိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။
- သခွားသီးရည် - သခွားသီးကို ကျိတ်ချေပြီး ရလာတဲ့အရည်ရယ်၊ လီမွန်ရည် ထမင်းစားဇွန်း နှစ်ဇွန်း လောက်ရယ်၊ နှင်းဆီရနံ့ လက်ဖက် ရည်ဇွန်းတစ်ဇွန်း လောက်ရယ်ကို ရောမွှေပါ။ ပြီးရင်အရေပြားပေါ်ကို လိမ်းကျံပေးနိုင်ပါတယ်။
- သံပရာပျားရည် - သံပရာရည်ရယ်၊ ပျားရည်ရယ် ဆတူရောပြီး စိုထိုင်းဆ များနေတဲ့ အသားအရည်ပေါ်ကို လိမ်းကျံပေးရပါမယ်။ မိနစ်အနည်း ငယ်ကြာပြီးရင် ရေအေးအေးနဲ့ ဆေး ပေးလိုက်ပါ။ အရေပြားအစိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
- ဒိန်ချဉ် - ဒိန်ချဉ်ကိုသောက်သုံးရုံတင် ကျေနပ်မနေသင့်ပါဘူး။ သူ့မှာပါတဲ့ အာဟာရဓာတ်တွေကို အသားရည် ထဲကို စိမ့်ဝင်သွားအောင် လိမ်းကျံ ပေးလို့ ရပါတယ်။ အသားအရည် ကြည်လင်ခြင်း၊ ရေဓာတ်ဖြည့်ပေး ခြင်း၊ ဝက်ခြံထွက်တာကို နည်းစေခြင်း တွေကို ခံစားရပါလိမ့်မယ်။
- ရှားစောင်းလက်ပတ်အရည် - ရှားစောင်းလက်ပတ်ကထွက်တဲ့ ဂျယ် ပုံစံအရည်ဟာ အနာကျက်မြန်စေ ခြင်း၊ အပူလောင်နာများကို သက်သာ စေခြင်း၊ အသားအရည်ကို အေးမြစေ ခြင်းတွေကို ခံစားရပါတယ်။ အလှ အပအတွက်သာမကပါဘူး။ အရည် ကို၂လ၊ ၃လလောက် လိမ်းပေးမယ် ဆိုရင် မီးလောင်ဖု၊ အင်းဆက်ကိုက် ခံရခြင်း၊နှင်းခူနာတွေကိုတောင် သက်သာစေနိုင်ပါတယ်။
- သင်္ဘောသီးမှည့် - သင်္ဘောသီးမှည့် ကို ဒိန်ချဉ်နဲ့ ရောလိုက်ပါ။ သောက် သုံး ဖို့မဟုတ်ပါဘူး။ အသားအရည်မှာ လိမ်းပေးမယ်ဆိုရင် သုံးလလောက်အ ကြာမှာ အသားအရည်ဖြူဝင်းလာတာ ကို တွေ့ရနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့က ပြောချင် တာကတော့ မိုးရာသီဆိုပေမယ့် ရေ သောက်ပေးဖို့လဲလိုပါတယ်။ နွေရာ သီဆိုရင်ရေရှစ်ခွက်ပျမ်းမျှသောက် သင့်ပေမယ့် မိုးရာသီမှာတစ်နေ့ကို ရေခြောက်ခွက်လောက်တော့ သောက် ပေးသင့်ပါတယ်။
အေးချမ်းမွန် Credit To > Health Updates Journal < Thank