wwww

တအ၃အ၆

``ပိုင်ရှင်ထံမှ ခိုးထားတဲ့ အိပ်မက်များ´´


ခိုနားခွင့်ပြုပါ ငါ့ရဲ့ အိပ်စက်ခြင်းလေး
အိပ်မက်ဆိုတာ..သာယာရင်သာယာမယ်
ခြောက်လှန့်ရင်ခြောက်လှန့်မယ်
ဒါပေမယ့်..ဘ၀အဖြစ် ပြန်လည်နိုးထရချိန်မှာတော့
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
လက်လွတ်ဆုံးရှုံးရတော့တယ်။

ဒီလိုမသေချာ မရေရာတဲ့ အိပ်မက်ကလေးတစ်ခုကိုတောင်
သေသေချာချာ ရေရေရာရာ မက်ခွင့်မရှိသူတစ်ယောက်ဟာ
အိမ်မက်တွေကို...သိပ်ချစ်ခဲ့တယ်။
သိပ်ကို စွဲလမ်းတမ်းတမိခဲ့တယ်။
ဒါပေမယ့်.အိပ်မက်တွေက သူ့ကို မျှော်လင့်ခြင်းကလွဲလို့
ဘာကိုမှ မပေးခဲ့ဘူး။

ဒီတော့..မရေရာတဲ့မျှော်လင့်ခြင်းတွေနဲ့ပဲ
ဘ၀ကိုဆက်လက်တည်ဆောက်သွားဖို့
သူဆုံးဖြတ်ခဲ့တယ်..။
ဒါပေမယ့်..သိပ်ခက်နေတာက
သူ့ရဲ့မျှော်လင့်ခြင်းတွေဟာ
သူ့အပေါ်မှာ တည်ရှိမနေဘူး။
သူကြိုးစားတိုင်းရနိုင်တဲ့ အရာတွေမဟုတ်။
သူပြေးသွားတိုင်း ရောက်နိုင်တဲ့ခရီးမဟုတ်။
သူရဲ့ မျှော်လင့်ချက်အိပ်မက်တွေဟာ
မျှော်လင့်ချင်စရာ ဖြစ်လာစေဖို့အတွက်
သူမှတစ်ပါးသော အခြားများ၏
အဆုံးအဖြတ်တွေပေါ်မှာ မှီခိုနေရတယ်။

သူမတ်မတ်ရပ်နေတယ်..ဒါပေမယ့် ကျောရိုးမဲ့
သူပျော်နေတယ်..ဒါပေမယ့် နှလုံးသားမဲ့
သူငိုနေတယ်...ဒါပေမယ့် မျက်ရည်မဲ့
သူဟာ...သူအစစ်ဖြစ်ဖို့ အတွက်
အိပ်မက်အစစ်တွေ လိုနေတယ်...တဲ့ ။

လောက ၀တ္တရား
လောကွတ်စကားတွေကို ထားခဲ့ပြီ
မင်းကိုငါချစ်တယ်....အ၀ါရောင်လေး
နေ့ညတွေ နွေးထွေးစမ်းပါ
ဒါဟာကဗျာလား..ဂီတလား...
ပျော်ဝင်မှုတွေအားလုံး ရက်ရောစွာချေးငှားစမ်းပါ။
ငါအလိုမပြည့်နိုင်လွန်းလို့
ငါသွေးဆာ ငတ်မွတ်လွန်းလို့
တုန်ရီနေပြီ။

သဠာယန စီးချင်းထိုးမယ်
ကောင်းကင်နိုင်ငံတော်ကို စိန်ခေါ်သောလက်များနဲ့
ငါ မက်ခွင့်ရှိသော အိမ်မက်များအတွင်းမှာ
မျှော်လင့်ခြင်းရောင်စုံများ
ဖြန်းပက် စွန်းထင်းခွင့်ပြုပါ ပိုင်ရှင်လေး။
အရောင်တွေ..ငါကြားနေတယ်။
သံစဉ်တွေ...ငါမြင်နေတယ်။
စုတ်ချက်ရာတွေ ...ဂစ်တာတစ်လက်ပေါ်မှာရှာမယ်။
ပြီးတော့..မင်းနဲ့လက်တွဲမယ်
တို့....
ကမ္ဘာကြီးကို...
ရုပ်မြင်သံကြား တက်တူးထိုးကြစို့။

အုပ် စိုး မြိုင်
မေ၂၃ ၊ ၂၀၁၃ ။ ကြာသာပတေးနေ့ ။