wwww

တအ၃အ၆

ဖွံ့ဖြိုးစေချင်လျှင်၊ လွတ်လပ်မှုရှိပါစေ


ကလေးငယ်များ၏ လွတ်လပ်စွာ ဆော့ကစားမှုကို တားဆီးခြင်းသည် ကလေးငယ်များကို ကူညီရာ မရောက်ဘဲ အဆိုးဖြစ်အောင် တွန်းပို့ရာ ရောက်သည်ဟု ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

ကလေးငယ်များကို လွတ်လပ်စွာ ဆော့ကစားခွင့် ပိတ်ပင်ခြင်းကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လူအဖွဲ့အစည်း၌ ပြဿနာများ ကြုံတွေ့နေရသည်ဟု ဆိုပါ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်မှစ၍ ကလေးငယ်များ၏ လွတ်လပ်စွာ ဆော့ကစားနိုင်သည့် အခွင့်အလမ်းမှာ တဖြည်းဖြည်း လျော့နည်းလာကြောင်း တွေ့ရသည်။

အမေရိကန် ပြည်ထောင်စု အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကလေးငယ်များ အဖို့ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်ခြင်း မရှိကြတော့ပေ။ ဤသို့ လွတ်လပ်စွာ ဆော့ကစားနိုင်ခြင်း မရှိသဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု၌ ဆိုးကျိုးများ ဖြစ်ထွန်းစေကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ Boston College မှ စိတ်ပညာပါမောက္ခ Peter Gray က လွတ်လပ်စွာ ဆော့ကစားခွင့် မရပါက ဆိုးကျိုးများ ဖြစ်စေ နိုင်ကြောင်း ပြောကြားခဲ့သည်။

တချို့သော လူကြီးမိဘများက ကလေးငယ်များအပေါ် လိုအပ်သည်ထက်ပို၍ ကာကွယ်မှု ပေးနေကြောင်းနှင့် ကလေးငယ်များ လွတ်လပ်စွာ ဆော့ကစား မှုကို ဟန့်တားနေကြောင်း Nathan L Hechr ကလည်း ထောက်ပြပြောဆို ခဲ့သည်။

မိဘများ၏ စိုးရိမ်ပူပန်မှုမှာ အတိုင်းအတာတစ်ခုထိ ရှိကြရန် လိုအပ်ပြီး လွတ်လပ်စွာ ဆော့ကစားမှုကို မပိတ်ပင်သင့်ကြပေ။ လွတ်လပ်စွာ ဆော့ကစားခွင့် ရမှသာလျှင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းတို့၌ ဖွံ့ဖြိုးမှု ရရှိနိုင်မည် ဖြစ်ပေသည်။

ရတနာပုံ
Aye Chan Mon Re-post Date : 2013 Feb 11
News from: Royal Hero Media

အေးချမ်းမွန်